ပုံသဏ္ဌာန် မှန်သော geometry ရုပ်ပုံ တစ်ခုရဲ့ ဧရိယာကို အလယ်တန်း အဆင့်မှာကတည်း ရှာတတ်ခဲ့ မှာပါ။ ဥပမာ ...
Shape | Diagram | Area Formula |
Circle | $ \displaystyle A=\pi r^2$ | |
Triangle | $ \displaystyle A=\frac{1}{2}bh$ | |
Rectangle | $ \displaystyle A=lw$ | |
Polygon | $ \displaystyle A=A_1+A_2+A_3+A_4$ |
သို့သော် ပုံသဏ္ဌာာန် မတိကျသော မျဉ်းကွေးတစ်ခု ၏ အောက်ရှိ အစိပ်အပိုင်း တစ်ခု၏ ဧရိယာကိုတော့ အထက်ပါ အတိုင်းပုံသေနည်း ထုတ်၍ ရှာရန် မလွယ်ကူတော့ပါ။ အောက်ပါပုံကို ကြည့်ပါ။
အထက်ပါ ပုံကို ကြည့်လျှင် $ \displaystyle x=0$ မှ $ \displaystyle x=1$ အတွင်း $ \displaystyle y=x^2$ ဆိုသော မျဉ်းကွေးအောက်ရှိ ဧရိယာ ( $ \displaystyle S$) ကို တိကျစွာရှာရန်အတွက် သတ်မှတ်ထားသော ပုံသေနည်းကို အလွယ်တကူ မရနိုင်တော့ပေ။ ထိုဧရိယာကို ရှာရန် နည်လမ်းကို အောက်ပါ အတိုင်း စဉ်းစားကြည့်မည်။
ပုံ တွင်မြင်တွေ့ရသည့် အတိုင်း လိုချင်သော ဧရိယာကို $ \displaystyle S_1, S_2, S_3, S_4$ ဟူ၍ အပိုင်းလေးပိုင်း ပိုင်း၍ရှာပြီးမှ ပြန်ပေါင်းလျှင် ရနိုင်ပါမည်။ သို့သော်လည်း ထိုတစ်ပိုင်းစီကို မည်ကဲ့သို့ ရှာမည်နည်း။ တိကျသော ပုံသေနည်း မရှိသေး။ ထို့ကြောင့် ပုံသေနည်း ရရန်အောက်ပါ အတိုင်း ပြုပြင်ပြီး စဉ်းစားကြည့်မည်။
အပိုင်း တစ်ပိုင်းစီ၏ လက်ယာဘက်အစွန်းမှ ထောင့်မှန်စတုဂံများ တည်ဆောက်ပြီး ၎င်း ထောင့်မှန်စတုဂံ တစ်ခုစီ၏ ဧရိယာများကို ရှာ၍ ပြန်ပေါင်းလျှင် လိုချင်သော ဧရိယာကို အနီးစပ်ဆုံး ရနိုင်မည်ဖြစ်သည်။
ထောင့်မှန်စတုဂံ၏ ဧရိယာ | အခြေ × အမြင့် |
ပထမထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle S_1=\frac{1}{4}\times f\left( {\frac{1}{4}} \right)=\frac{1}{4}\times \frac{1}{{16}}=\frac{1}{{64}}$ |
ဒုတိယထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle S_2=\frac{1}{4}\times f\left( {\frac{1}{2}} \right)=\frac{1}{4}\times \frac{1}{4}=\frac{1}{{16}}=\frac{4}{{64}}$ |
တတိယထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle S_3=\frac{1}{4}\times f\left( {\frac{3}{4}} \right)=\frac{1}{4}\times \frac{9}{{16}}=\frac{9}{{64}}$ |
စတုတ္ထထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle S_4=\frac{1}{4}\times f\left( 1 \right)=\frac{1}{4}\times 1=\frac{1}{4}=\frac{{16}}{{64}}$ |
ထို့ကြောင့် ထောင့်မှန်စတုဂံ အားလုံး၏ ဧရိယာ = $ \displaystyle \frac{{30}}{{64}}=0.46875$ ဖြစ်မည်။ သို့ရာတွင် လိုချင်သော ဧရိယာသည် ထောင့်မှန်စတုဂံ အားလုံး၏ ဧရိယာ အောက်ငယ်နေသည် ကို ပုံတွင်အထင်အရှား တွေ့နိုင်ပေသည်။ ထို့ကြောင့် နောက်ထပ် တစ်နည်း စဉ်းစားကြည့်မည်။
ယခုတစ်ခါ အပိုင်း တစ်ပိုင်းစီ၏ လက်ဝဲဘက်အစွန်းမှ ထောင့်မှန်စတုဂံများ တည်ဆောက်ပြီး ၎င်း ထောင့်မှန်စတုဂံ တစ်ခုစီ၏ ဧရိယာများကို ရှာ၍ ပြန်ပေါင်း ကြည့်မည်။
ထောင့်မှန်စတုဂံ၏ ဧရိယာ | အခြေ × အမြင့် |
ပထမထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle \frac{1}{4}\times f\left( 0 \right)=\frac{1}{4}\times 0=0$ |
ဒုတိယထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle \frac{1}{4}\times f\left( {\frac{1}{4}} \right)=\frac{1}{4}\times \frac{1}{{16}}=\frac{1}{{64}}$ |
တတိယထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle \frac{1}{4}\times f\left( {\frac{1}{2}} \right)=\frac{1}{4}\times \frac{1}{4}=\frac{1}{{16}}=\frac{4}{{64}}$ |
စတုတ္ထထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle \frac{1}{4}\times f\left( {\frac{3}{4}} \right)=\frac{1}{4}\times \frac{9}{{16}}=\frac{9}{{64}}$ |
ထို့ကြောင့် ထောင့်မှန်စတုဂံ အားလုံး၏ ဧရိယာ = $ \displaystyle \frac{{14}}{{64}}=0.21875$ ဖြစ်မည်။ သို့ရာတွင် လိုချင်သော ဧရိယာသည် ထောင့်မှန်စတုဂံ အားလုံး၏ ဧရိယာ ထက်ကြီးနေသည် ကို ပုံတွင်အထင်အရှား တွေ့နိုင် ပြန်ပါသည်။
ထို့ကြောင့် လိုချင်သော ဧရိယာ $ \displaystyle S$ သည်...
$ \displaystyle 0.21875 < S < 0.46875$ ဖြစ်ပေမည်။ တိကျသော အဖြေကို မရသေးပါ။
ပိုမိုတိကျသော အဖြေရနိုင်ရန် အထက်ပါနည်းအတိုင်း ထောင့်မှန်စတုဂံ အရေအတွက်ကို တိုး၍ စိပ်ပိုင်းလိုက် သည့်အခါ ...
$ \displaystyle 0.2734375 < S < 0.3984375$ ဖြစ်လာပြန်ပါသည်။ ပုံကိုကြည့်ခြင်းအား ဖြင့် $ \displaystyle S$ ၏ တန်ဖိုးသည် အဖြေမှန်နှင့် ပိုမို နီးစပ်လာသည်ကို တွေ့ရပေမည်။ ဤ ဥပမာများကို ကြည့်လျှင် စိပ်ပိုင်းလိုက်သည့် ထောင့်မှန်စတုဂံ အရေအတွက် ပို၍များလာလေလေ အဖြေမှန်နှင့် ပို၍ နီးစပ်လာသည်ကို တွေ့ရပေမည်။
$ \displaystyle n$ | $ \displaystyle L_n$ | $ \displaystyle R_n$ |
10 | 0.2850000 | 0.3850000 |
20 | 0.3087500 | 0.3587500 |
30 | 0.3168519 | 0.3501852 |
50 | 0.3234000 | 0.3434000 |
100 | 0.3283500 | 0.3383500 |
1000 | 0.3328335 | 0.3338335 |
အထက်ပါ ထောင့်မှန်စတုဂံများ၏ ဧရိယာများပေါင်းလဒ်ကို Riemann sum ဟုခေါ်သည်။
အောက်ပါ geogebra applet ဖြင့်လေ့လာကြည့်ပါ။
applet တွင် တွေ့ရှိချက်အရ left sum, right sum တို့ထက် midpoint sum သည် အဖြေမှန်နှင့် ပိုမို နီးစပ်သည်ကို တွေ့ရှိရပေမည်။ သို့ရာတွင် စိပ်ပိုင်းသည့် အရေအတွက် အနန္တ (∞) သို့ ချဉ်းကပ်သွား သည့်အခါ left sum နှင့် right sum တို့သည့်ကွားခြားမှု မရှိတော့ပေ။
$ \displaystyle x = a$ နှင့် $ \displaystyle x=b$ ကြာား ပေးထားသော curve ၏ အောက်ရှိ လိုချင်သော ဧရိယာကို ထောင့်မှန်စတုဂံပေါင်း $ \displaystyle n$ ခု စိပ်ပိုင်းလိုက်ပြီး တစ်ခုစီ၏ အခြေအလျားသည် $ \displaystyle \Delta x$ ရှိသည်ဆိုပါစို့။
ထိုအခါ $ \displaystyle \Delta x=\frac{{b-a}}{n}$ ဖြစ်မည်။
ထောင့်မှန်စတုဂံ တစ်ခုစီ၏ ဧရိယာကို အောက်ပါအတိုင်း ရှာယူနိုင်ပါသည်။
ပထမ ထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle f({{x}_{1}})\Delta x$ |
ဒုတိယ ထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle f({{x}_{2}})\Delta x$ |
တတိယ ထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle f({{x}_{3}})\Delta x$ |
. . . | . . . |
i အကြိမ်မြောက် ထောင့်မှန်စတုဂံ၏ ဧရိယာ | $ \displaystyle f({{x}_{i}})\Delta x$ |
ထို့ကြောင့် ထောင့်မှန်စတုဂံပေါင်း $ \displaystyle n$ ခု စိပ်ပိုင်းထားလျှင် စုစုပေါင်း ဧရိယာသည်...
$ \displaystyle {{S}_{n}}=f({{x}_{1}})\Delta x+f({{x}_{2}})\Delta x+f({{x}_{3}})\Delta x+...+f({{x}_{n}})\Delta x$ |
အထက်တွင် သိပြီးဖြစ်သည့်အတိုင်း ထောင့်မှန်စတုဂံ အရေအတွက် များလာလေလေ ဧရိယာ၏ တန်ဖိုးသည်ပို၍ တိကျလေလေ ဖြစ်ရာ သတ်မှတ်ထားသော interval $ \displaystyle a$ နှင့် $ \displaystyle b$ ကြားတွင် ထောင့်မှန်စတုဂံ အရေအတွက် $ \displaystyle n$ သည် $ \displaystyle ∞$ သို့ချဉ်းကပ်သွားသည့် အခါ လိုချင်သော ဧရိယာကို အတိအကျ (exact value) ရှာယူနိုင်ပါသည်။
ထို့ကြောင့် လိုချင်သော ဧရိယာ $ \displaystyle S$ ကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။
$ \displaystyle S=\underset{{n\to \infty }}{\mathop{{\lim }}}\,\sum\limits_{{i=1}}^{n}{{f({{x}_{i}})\Delta x}}$ $ \displaystyle \ \ \ =\underset{{n\to \infty }}{\mathop{{\lim }}}\,\left[ {f({{x}_{1}})\Delta x+f({{x}_{2}})\Delta x+f({{x}_{3}})\Delta x+...+f({{x}_{n}})\Delta x} \right]$ |
အထက်ပါ ဧရိယာသည် ပေးထားသော curve အောက်ရှိ သတ်မှတ်ထားသော interval $ \displaystyle a$ နှင့် $ \displaystyle b$ ကြားတွင်ရှိသောကြောင့် ဧရိယာရှာရန် ပုံသေနည်း notation ကို အောက်ပါအတိုင်း ပြောင်းရေးပါသည်။
$ \displaystyle S=\underset{{n\to \infty }}{\mathop{{\lim }}}\,\sum\limits_{{i=1}}^{n}{{f({{x}_{i}})\Delta x}}=\int_{a}^{b}{{f(x)dx}}$ |
The Definite Integral as the Area of a Region
If $ \displaystyle f$ is continuous and nonnegative on the closed interval $ \displaystyle [a, b]$, then the area of the region bounded by the graph of $ \displaystyle f$, the $ \displaystyle x$-axis, and the vertical lines $ \displaystyle x = a$ and $ \displaystyle x = b$ is $ \displaystyle A$, then
$ \displaystyle A=\int_{a}^{b}{{f(x)dx}}$ |
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!