Two circles intersect at A and B. A line through A cuts the first circle at P and the second circle at Q. At P, a tangent PT is drawn and TQ produced meets the second circle again at R. Prove that the points P, T, R and B are concyclic.
စက်ဝိုင်းနှစ်ခု A နဲ့ B မှာ ဖြတ်ကြပါတယ်။ A ကို ဖြတ်ပြီး မျဉ်းတစ်ကြောင်း ဆွဲရာမှာ ပထမစက်ဝိုင်းကို P မှာ ဖြတ်ပြီး ဒုတိယ စက်ဝိုင်းကို Q မှာ ဖြတ်ပါတယ်။ အမှတ် P မှာ ၀န်းထိမျဉ်းတစ်ကြောင်း PT ကို ဆွဲလိုက်ပြီး တဖန် အမှတ် T မှ TQ ကို ဆက်ဆွဲရာ ဒုတိယ စက်ဝိုင်းကို R မှာထပ်ပြီး ဖြတ်ပါတယ်။ P,T,R,B ဆိုတဲ့ အမှတ်လေးခုဟာ စက်ဝိုင်းတစ်ခုထဲပေါ်မှာ ရှိကြောင်း သက်သေပြပါ။
ဒီမေးခွန်းမှာ စက်ဝိုင်းနှစ်ခု လို့ပဲပြောပြီး စက်ဝိုင်းနှစ်ခုဟာ အခြားကန့်သတ်ချက် မပါဝင်ပါဘူး။ ဒါ့ကြောင့် စက်ဝိုင်းနှစ်ခုကို ဆွဲတဲ့ အခါ အရွယ်မတူ ထပ်တူမညီတဲ့ စက်ဝိုင်းနှစ်ခု အဖြစ်ဆွဲသင့်ပါတယ်။ ထပ်တူမညီဘူး လို့လည်း ပြောမထားတဲ့ အတွက် ထပ်တူညီတာ ဆွဲရင်ကော မရနိုင်ဘူးလားလို့ မေးစရာ ရှိပါတယ်။ ဆွဲလို့က ရနိုင်ပါတယ်။ ဒါပေမယ့် ထပ်တူညီတဲ့ ဂုဏ်သတ္တိတွေကို သုံးခွင့်မရှိပါဘူး။ ထပ်တူညီခြင်းကြောင့် (၁) အချင်းဝက်တူ၊ (၂) ထပ်တူညီလေးကြိုးများ၊ (၃) ထပ်တူညီ အ၀န်းပိုင်းများ ဆိုတဲ့ ဂုဏ်သတ္တိတွေကို အမြင်အရ မှားယွင်း အသုံးပြုမိတတ်ပါတယ်။ ပေးချက်အရ မပါဝင်တဲ့ ဂုဏ်သတ္တိ တွေကို သုံးခွင့်မရှိပါဘူး။ ဒါကြောင့် အပိုဂုဏ်သတ္တိတွေ မပါဝင်စေတဲ့ ပုံမျိုးကိုသာ ရေးဆွဲသင့်ပါတယ်။ |
မေးခွန်းပါ ပေးချက်အရ ...
PT က tangent ဖြစ်ပြီး PA က ပထမစက်ဝိုင်းရဲ့ လေးကြိုးဖြစ်တာကြောင့် Theorem 4 ကို သုံးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။
PTQ က တြိဂံဖြစ်တာကြောင့် အတွင်းထောင့်များ ပေါင်းခြင်း 180∘ ဖြစ်တယ် ဆိုတဲ့ ဂုဏ်သတ္တိ၊ တြိဂံ၏ အပြင်ထောင့်သည် အတွင်းမျက်နှာချင်း ထောင့်တစ်စုံ ပေါင်းခြင်းနဲ့ ညီတယ်ဆိုတဲ့ ဂုဏ်သတ္တိများကို သုံးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။
P,T,R,B ကို concyclic ဖြစ်ကြောင်း သက်သေပြဖို့ P,T,R,B အမှတ် လေးမှတ်ကို ဆက်သွယ်ပြီး စတုဂံ၏ အတွင်းထောင့် တစ်စုံပေါင်းခြင်း 180∘ ဖြစ်လျှင် ထောင့်စွန်းမှတ်များ စက်ဝိုင်းပေါ်တွင် ကျရောက်သည် (တစ်စက်ဝန်းထဲ ရှိသည်) ဆိုတဲ့ Theorem 9 ကို သုံးသင့်တယ်လို့ ခန့်မှန်းတွက်ဆ သင့်ပါတယ်။ ပုံပါအချက်အလက်အရ Theorem 8 နဲ့ Theorem 10 ကို သုံးဖို့ အခွင့်အရေး နည်းတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
အဲဒီလိုတွက်ဆနိုင်ရင် သက်သေပြဖို့ လွယ်ကူသွားပါပြီ။ သက်သေပြကြည့် ရအောင်။
Given : PT is a tangent and PQR is a secant.
PAQ is a straight line.
To Prove : P,T,R and B are concyclic.
Proof : Draw PB,AB and AR.
SincePT is a tangent and PA is a chord of first circle,
β1=ϕ (∠ between tangent and chord=∠ in alt: segment)
And θ=ϕ+δ( Exterior ∠ of Δ = Sum of opposite interior ∠s)
∴
\displaystyle \text{Since}ABRQ\ \text{is a cyclic quadrilateral,}
\displaystyle {{\beta }_{2}}+\theta =180{}^\circ
\displaystyle \therefore {{\beta }_{2}}+{{\beta }_{1}}+\delta =180{}^\circ \text{ }
\displaystyle \therefore \angle PBR+\angle PTR=180{}^\circ
\displaystyle \therefore P,T,R\ \text{and }B\ \text{are concyclic}\text{.}
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!