ဒီ ပုံသေနည်းဟာ မည်သည့်ထောင့် α နဲ့ β အတွက်မဆို မှန်ပါတယ်။
ဒါဆိုရင် α=β အတွက်လည်း မှန်တာပေါ့။... ဒါကြောင့်
sin(α+β)=sinαcosβ+cosαsinβ
α=β, ဖြစ်တဲ့အခါ
sin(α+α)=sinαcosα+cosαsinα
ဒါ့ကြောင့်
sin2α=2sinαcosα |
အလားတူပါပဲ.....။
cos(α+β)=cosαcosβ−sinαsinβ
α=β, ဖြစ်တဲ့အခါ
cos(α+α)=cosαcosα−sinβsinβ
ဒါ့ကြောင့်...
cos2α=cos2α−sin2α |
sin2α+cos2α=1 ဆိုတဲ့ Pythagorean Identity ကို မှတ်မိမယ် ထင်ပါတယ်။
sin2α+cos2α=1 ဖြစ်တာကြောင့် sin2α=1−cos2α နဲ့ cos2α=1−sin2α ဖြစ်ပါတယ်။
cos2α=cos2α−sin2α ဆိုတဲ့ equation မှာ သက်ဆိုင်ရာ တန်ဖိုးတွေကို အစားသွင်းလိုက်ရင် ...
cos2α=cos2α−sin2αcos2α=1−sin2α−sin2α
ဒါ့ကြောင့်...
cos2α=1−2sin2α |
အလားတူပါပဲ...။
cos2α=cos2α−sin2αcos2α=cos2α−(1−cos2α)
ဒါ့ကြောင့်...
cos2α=2cos2α−1 |
tan2α အတွက် ဆက်ရှာကြည့်ပါမယ်။
tan(α+β)=tanα+tanβ1−tanαtanβ လို့ သိခဲ့ပြီးပါပြီ။..
α=β, ဖြစ်တဲ့အခါ
tan(α+α)=tanα+tanα1−tanαtanα ..
ဒါ့ကြောင့်...
tan2α=2tanα1−tan2α |
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!