Function ရဲ့ မူလအဓိပ္ပါယ် သတ်မှတ်ချက်ကတော့ အစု (set) နှစ်ခုက် ဆက်သွယ်ပေးတဲ့ နည်းလမ်းလို့ ဆိုနိုင် ပါတယ်။ အစုနှစ်ခုဆိုတာက -
(၁) Function တစ်ခုရဲ့ ဆောင်ရွက်မှုအောက်မှာ ပါဝင်ကြမယ့် အစုဝင်တွေ ပါဝင်တဲ့ မူလအစု (Domain) နဲ့
(၂) Function ရဲ့ ဆောင်ရွက်ပြီးမြောက်သွားတဲ့ အစုဝင်တွေပါဝင်မယ့် (Codomain) တို့ ဖြစ်ပါတယ်။
Function ဆိုတာကို ထုတ်လုပ်မှုတွေ လုပ်ပေးနိုင်တဲ့ စက်ကိရိယာတစ်ခု အသွင် ယူဆကြည့်ရအောင်။ ထုတ်လုပ်မှု ဆိုကတည်းက ကုန်ကြမ်းတွေရှိရမယ်၊ မဟုတ်လား။ အဲဒီကုန်ကြမ်းတွေ စုထားတဲ့ အစုက domain ပေါ့။
ကုန်ကြမ်းတွေကို စက်ထဲထည့်လိုက်ပြီ။ တစ်ဖက်မှာ ကုန်ချောတွေ ထွက်လာပြီပေါ့။ ကုန်ချောတွေကို အစုတစ်ခု အနေနဲ့ စုလိုက်မယ်။ ဒါဟာ Codomain ပေါ့။ ဒီလို မြင်ကြည့်နိုင်ပါတယ်။
ဒီအတိုင်းပါပဲ။ Function ဆိုတာကို အခုလို ဖေါ်ပြလို့ရတာပေါ့။
Definition : A function from a set A to a set B relates each element of A to exactly one element of B.
အစု A (Domain) ထဲမှာ ရှိတဲ့ အစုဝင် တစ်ခုချင်းစီတိုင်း အတွက် အစု B (Codomain) ထဲမှာ ဆက်သွယ်ထားတဲ့ အစုဝင် (အတိအကျ) တစ်ခုထဲပဲ ရှိရပါမယ်။
ဆိုလိုတာက A ထဲမှာ ရှိသော x တိုင်းအတွက် B ထဲမှာ y ရှိရပါမယ်။ အကယ်၍ x ဟာ B ထဲမှာ y အပြင် z နဲ့ပါ ဆက်သွယ်မှု ရှိနေတယ် ဆိုရင်တော့ ဒါ function မဖြစ်တော့ပါဘူး။ အောက်ပါပုံကို ကြည့်ပါ။
Domain ထဲမှာ ရှိတဲ့ အစုဝင် တစ်ခု အတွက် Codomain ထဲမှာ ဆက်သွယ်ချက် တစ်ခုထက် ပိုသွားရင် Function လို့ သတ်မှတ်လို့ မရတော့ဘူး။
မှတ်ရမှာက-
Domain ထဲမှာ ရှိတဲ့ အစုဝင်တစ်ခု ချင်းစီတိုင်အတွက် Codomain ထဲမှာ ဆက်စပ်အစုဝင် အတိအကျ တစ်ခုသာ ရှိရမယ်။ ပိုလို့လည်း မရဘူး။ လုံးဝမရှိလို့လည်း မရဘူး။ အောက်က ဥပမာပုံလေးတွေကို ကြည့်ရအောင်။
ဒါတွေဟာ function ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ ဆက်သွယ်ချက်တွေ ဖြစ်လို့ function လို့ မသတ်မှတ်နိုင်ပါဘူး။
ကဲ ပြန်ဆက်ရအောင် …
f ဆိုတာ A နဲ့ B ကို ဆက်စပ်ပေးတဲ့ function တစ်ခု ဆိုပါစို့။ သင်္ကေတအားဖြင့် အခုလို ရေးပါတယ်။
f is a function from A to B.
f ဟာ A ထဲမှာ ရှိတဲ့ x ကို B ထဲမှာရှိတဲ့ y နဲ့ ဆက်စပ်ပေးတယ် ဆိုတာကိုတော့ ဒီလိုရေးပါတယ်။
f maps x to y (or) y is the image of x under f.
ဒီနေရမှာ y ကိုတော့ f က ဆက်စပ်ပေးတဲ့ x ရဲ့ image လို့ခေါ်ပါတယ်။
Functional Notation
ရှေ့မှာ ပြောခဲ့တဲ့ အတိုင်း ပြောမယ်ဆိုရင် f ဟာ X နဲ့ Y ကို ဆက်သွယ်ထားတဲ့ function တစ်ခု ဖြစ်တယ်။
x ရဲ့ image ဟာ 2 ဖြစ်တယ်။
y ရဲ့ image ဟာ 2 ဖြစ်တယ်။
z ရဲ့ image ဟာ 3 ဖြစ်တယ်။ ဆိုတာကိုတော့ သင်္ကေတနဲ့ ဒီလိုရေးတယ် ဆိုတာ ပြောခဲ့ပြီပါပြီ။ ပြန်ကြည့်ရအောင်။
အခုလိုရေးတဲ့ စနစ်ဟာ နောင်မှာ function တွေကို အကြိမ်ကြိမ် ရေးဖို့ လိုလာတာနဲ့အမျှ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ပိုပြီးတော့ ရေးရတာ အဆင်ပြေစေတဲ့ functional notation ကို ပြောင်းသုံးပါတယ်။
f(x) = 2 is f of x is 2.
f(y) = 2 is f of y is 2.
f(z) = 2 is f of z is 3.
ဒီလိုရေးတာကို functional notation လို့ ခေါ်ပါတယ်။
အထက်မှာ ဥပမာ ပြခဲ့တဲ့ function ကို ကြည့်မယ်ဆိုရင် Codomain ထဲမှာ 1, 2, 3, 4 ဆိုတဲ့ အစုဝင် လေးခုရှိတာ တွေ့ရမှာပါ။ ဒီအစုဝင်တွေ အားလုံးကို image လို့ မသတ်မှတ် နိုင်ပါဘူး။ 2 နဲ့ 3 သာလျှင် ဆက်စပ်မှုရှိလို့ image လို့ ပြောနိုင်ပါတယ်။
ဒါကြောင့် Codomain ကို အစုပိုင်း (sub sets) နှစ်ခု ထပ်မံပိုင်းခြား နိုင်ပါတယ်။ image များပါဝင်တဲ့အစု Z နဲ့ image မဟုတ်သော အစုဝင်များရဲ့ အစု (Y \ Z) တို့ပဲပေါ့။ ဒီနေရာမှာ image တွေသာ ပါတဲ့အစု (Z) ကိုတော့ function f ရဲ့ Range လို့ ခေါ်ပါတယ်။ Range ဆိုတာဘာလဲ။ အခုလိုသတ်မှတ်နိုင်ပါတယ်။
Range = Set of images = { Images }
ပြောခဲ့တာတွေ ပြန်ပြီး အကျဉ်းချုပ်ရရင်
X = { x, y, z } = Domain , Y = { 1, 2, 3, 4} = Codomain, Z = { 2, 3} = Range
f(x) = 2 is f of x is 2.
f(y) = 2 is f of y is 2.
f(z) = 2 is f of z is 3.